“ကျွန်တော် အရေးပေါ် ကြေညာစရာရှိတယ်။ ကျွန်တော့်လေယာဉ်မှူး ဆုံးသွားပြီ” ထိုစကားများကို Doug White သည် သူ့လေယာဉ်ကို ထိန်းကြောင်းပေးနေသည့် ထိန်းချုပ်တာဝါသို့ တုန်လှုပ်စွာ ရေရွတ်သတင်းပို့လိုက်သည်။ လေယာဥ်ပျံတက်ပြီး မိနစ်အတန်ကြာခန့်တွင် Doug မိသားစု၏ ကိုယ်ပိုင်လေယာဉ်မောင်းအဖြစ် ငှားရမ်းခဲ့သည့် လေယာဉ်မှူးမှာ ရုတ်တရက် ဆုံးပါးသွားခဲ့သည်။ သုံးလသာ လေယာဉ် မောင်းကျင့်ဖူးသည့် Doug သည် လေယာဉ်မောင်းနေရာကို အစားထိုးဝင်ရောက်ကာ၊ လေယာဉ်ဆင်းသက်စဉ်တစ်လျှောက် လေယာဉ်ကွင်းရှိ ကြီးကြပ်သူများ၏ သူ့အား လမ်းညွှန်မှုကို သေချာစွာ နားထောင်ခဲ့သည်။ “ကျွန်တော့်မိသားစုကို သေမင်းခံတွင်း ကနေ သူတို့ကယ်ပေးခဲ့တာ”ဟု Doug ပြောခဲ့သည်။
ကျွန်ုပ်တို့၌လည်း ဘဝ၏စိန်ခေါ်မှုများနှင့် တွေ့သည့်အခါ ကျွန်ုပ်တို့ကို မစ လမ်းညွှန်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ရှိသည်။ မောရှေက ဣသရေလလူတို့အား “သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့ အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို…
‘ငါးစိမ်းနှင့် မိုးရေ’၊ ဩစတြေးလျနိုင်ငံသား သင်္ဘောသားတစ်ဉီးဖြစ်သူ တိမသီ သည် သုံးလလုံးလုံး ထိုစားနပ်ရိက္ခာကိုသာစားပြီး အသက်ဆက်ခဲ့ရသည်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောရွက်လှေပေါ်တွင် မျှော်လင့်ချက်မဲ့ကာ ကုန်းမြေမှ မိုင် ၁,၂၀၀ အကွာ ပစိဖိတ်သမုဒ္ဒရာထဲ၌ မျောနေခဲ့သည်။ သို့သော် မက္ကစီကန် တူးနားငါးဖမ်းသင်္ဘောသားများက ပျက်စီးနေသော သူ၏လှေကို တွေ့ရှိပြီး သူ့ကိုကယ်ဆယ်ခဲ့သည်။ နောက်ပိုင်းတွင် ပိန်လှီပြီး ရာသီဥတုဒဏ်ကိုခံစားရသော အမျိုးသားက “ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့ ကပ္ပတိန်နှင့် ငါးဖမ်းကုမ္ပဏီကို ကျေးဇူးတင်ပါတယ်” ဟူ၍ အတိအလင်းပြောဆိုခဲ့ပါသည်။
သူ၏အဖြစ်ဆိုးကြုံရ ပြီးနောက် တိမသီက ကျေးဇူးတင်စကားဆိုသော်လည်း၊ ပရောဖက်ဒံယေလကမူ အကျပ်အတည်း မဖြစ်မီ၊ ဖြစ်နေချိန်အတွင်း၊ ဖြစ်ပြီးသွားသည့်နောက်တွင် ကျေးဇူးသိသောနှလုံးသားကို ဖော်ပြခဲ့သည်။ အခြားယုဒလူမျိုးများနှင့်အတူ ယုဒပြည်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းခံရပြီး (ဒံ ၁:၁-၆)၊ ထိုနောက် ဒံယေလ၏ တန်ခိုးအာဏာ ခန့်အပ်ခံရခြင်းက သူအား သေစေလိုသောအခြား ခေါင်းဆောင်များ၏…
Sophia Roberts (ဆိုဖီယာ ရောဘတ်)သည် သူမအသက် ၁၁ နှစ်ခန့်အရွယ်တွင် ပထမဆုံးအကြိမ် နှလုံးခွဲစိတ်ခြင်းကို ကြည့်ရှုခဲ့ရသည်။ ကလေးတစ်ယောက်အတွက် ထိုသို့ခွဲစိတ်မှုကို ကြည့်ရန် နည်းနည်းငယ်မည်၊ စောလွန်းသည်ဟုထင်ရသော်လည်း သူမ၏ဖခင် ဒေါက်တာ Harold Roberts Jr. (ဟယ်ရိုရောဘတ်စ်ဂျူနီယာ)သည် နှလုံးခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ကြောင်း သိထားရန် လိုသည်။ ၂၀၂၂ ခုနှစ်တွင် အသက် ၃၀ အရွယ် ဆိုဖီယာသည် ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာပြီး သွေး လွှတ်ကြောအဆို့ရှင် အစားထိုးကုသမှု အောင်မြင်စွာ ခွဲစိတ်နိုင်ရေး သူမ၏ဖခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ “ဒီထက် ပိုကောင်းတာ ဘာရှိမလဲ။ ဒီကလေးကို စက်ဘီးစီးတတ်ဖို့ ကျွန်တော်သင်ပေးခဲ့တယ်။ အခု လူ့နှလုံးသားကို ဘယ်လိုခွဲစိတ်ရမလဲဆိုတာ သင်ပေးရမှာက အတော့်ကို အံ့သြစရာပဲ” ဟု ဟယ်ရိုက ပြောပါသည်။
လူအချို့က ကလေးငယ်အား ခွဲစိတ်မှုစွမ်းရည်ကို သင်ကြားပေးမည်ဖြစ်သော်လည်း၊ နောက်မျိုးဆက်သစ်များကို ဘုရားသခင်နှင့်…
ခရီးတစ်ထောက်နားခြင်းအကြောင်းပြောရလျှင် မိုးကြိုးမုန်တိုင်းကြောင့် ထွက်ခွာချိန် နောက်ဆုတ်လိုက်ရသည့် လေယာဉ်ခရီးစဥ်အတွက် Phil Stringer (ဖေးလ် စထရင်းဂျာ) သည် ၁၈နာရီကြာ စောင့်ခဲ့ရသည်။ သို့သော် သူ၏စိတ်ရှည်မှုနှင့် ဇွဲလုံ့လက အချည်းနှီးမဖြစ်ခဲ့ပါ။ သူ့လိုရာခရီးကို လေယာဉ်နှင့် သွားနိုင်ခဲ့သည့်အပြင် အရေးကြီးသည့်စည်းဝေးပွဲကိုလည်း အချိန်မီတက်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း လေယာဉ်တစ်စီးလုံးတွင် ခရီးသည်ဟူ၍ သူတစ်ဦးတည်းသာရှိသည်။ ကျန်ခရီးသည်များကမူ လက်လျော့လိုက်ခြင်း (သို့) အခြားအစီအစဉ်များ စီစဉ်လိုက်ကြသည်။ သူစားချင်သည့် မည်သည့်အစားအသောက်မဆို လေယာဉ်မယ်များက ချပေးကြသည်။ စထရင်းဂျာ က “သေချာတာပေါ့။ ပထမတန်း အကောင်းဆုံးနေရာမှာ ကျွန်တော်ထိုင်ခဲ့တယ်။ လေယာဉ်တစ်စီးလုံးကို ကျွန်တော် အပိုင်စား ရထားတာဆိုတော့ ဘာလို့ မထိုင်နိုင်ရမှာလဲ” ဟု ထပ်လောင်းပြောပြခဲ့သည်။ စောင့်စားခဲ့ရသည်နှင့် တကယ်ကိုတန်ပါသည်။
အာဗြဟံသည်လည်း ကြာရှည်လှသော နှောင့်နှေးမှုကို သည်းခံခဲ့ရသည်။ အာဗြံ ဖြစ်ခဲ့စဉ်အခါက သူ့အား “ငါသည်သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည်…
ကြောက်ရွံ့စိုးရိမ်မှုက သူမတစ်ကိုယ်လုံးကို လွှမ်းမိုးလျက် ဆေးရုံ၏အထူးကြပ်မတ် ကုသဆောင် အပြင်ဘက်၌ ဆူဇီ ငိုကြွေးမိသည်။ နှစ်လသားအရွယ် သူ့ကလေးငယ် ၏ သေးငယ်သောအဆုတ်အတွင်း၌ အရည်များပြည့်လျက်ရှိကာ ကလေးအသက်ကို ကယ်တင်ရန် သူတို့အကောင်းဆုံးကြိုးစားနေကြောင်း ဆရာဝန်များက ပြောသော်လည်း အာမခံချက်တစ်စုံတစ်ရာကိုတော့ မပေးခဲ့ပါ။ ထိုခဏတာအချိန်တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် “သိမ်မွေ့နူးညံ့သော သန့်ရှင်းသောဝိညာဥ်တော် ၏နှိုးဆော်မှုကို သူခံစားခဲ့ရကြောင်း” ဆူဇီက ဆိုသည်။ သီချင်းသီဆိုရန် ခွန်အားမရှိသောကြောင့် ဆေးရုံ၌ ရှိနေစဥ် နောက်ထပ်သုံးရက်အတွင်း သူ၏ဖုန်းဖြင့် ချီးမွမ်းခြင်းသီချင်းများကို ဖွင့်ခဲ့သည်။ ဝတ်ပြုကိုးကွယ်မှုပြုသည့်အခါ မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းကို သူတွေ့ရှိခံစားခဲ့ရသည်။ ယခုတွင် သူက “ဝတ်ပြုကိုးကွယ်ခြင်းက ဘုရားသခင်ကို ပြောင်းလဲစေတာမဟုတ်ဘဲ ကိုယ့်ကို ပြောင်းလဲစေတာ” ဖြစ်ကြောင်း ထိုအတွေ့အကြုံက သူ့အား သင်ကြားပေးခဲ့သည်ဟု ပြောပြခဲ့သည်။
စိုးရိမ်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် ဘုရားကို ဒါဝိဒ်ဟစ်ခေါ်ခဲ့သည် (ဆာ ၃၀:၁၀)။…
Gandalf the Grey (မီးခိုးရောင် ဂန်ဒါ့ဖ်) က Saruman the White (အဖြူရောင် ဆာရုမန်) အား ထိပ်တိုက်ရင်ဆိုင်သည့်အခါ ဆာရုမန် သည် သူ၏နဂိုရည်ရွယ်ချက်ဖြစ်သည့် မကောင်းဆိုးဝါး Sauron (ဆောင်ရွန်)၏လက်မှ အလယ်ကမ္ဘာအား ကာကွယ်ပေးရမည့်အလုပ်မှ လမ်းလွဲသွားသည်မှာ ရှင်းပါသည်။ ပိုဆိုးသည်မှာ ဆာရုမန်သည် ဆောင်ရွန်နှင့် ‘မဟာမိတ်ဖွဲ့လိုက်ခြင်း’ ဖြစ်သည်။ J.R.R. Tolkien (ဂျေအာရ်အာရ်တိုကင်)၏ ဂန္တဝင်လက်ရာဝတ္ထုအပေါ်၌ အခြေခံထားသည့် ‘The Fellowship of the Ring’ (လက်စွပ်အဖွဲ့ဝင်များ) ရုပ်ရှင်၏ ထိုဇာတ်ဝင်ခန်း၌ ယခင်က မိတ်ဆွေဖြစ်ခဲ့သူနှစ်ဦးသည် ဓမ္မနှင့်အဓမ္မ ယှဥ်ပြိုင်တိုက်ပွဲ၌ ရင်ဆိုင်တိုက်ခိုက်ကြရသည်။ ဆာရုမန်သည် လမ်းကြောင်းမှန်၌ရှိပြီး သူမှန်သည်ဟု သိထားသည့်အရာအတိုင်း လုပ်ဆောင်ခဲ့ပါက ထိုသို့လမ်းလွဲမည် မဟုတ်ပါ။
ရှောလုမင်းသည်လည်း အလားတူ လမ်းကြောင်းပေါ်၌ တည်ရှိမနေသည့် ပြဿနာရှိခဲ့သည်။ တစ်ကြိမ်၌ သူသည် မှန်ကန်စွာ “စုန်းနှင့်နတ်ဝင်အပေါင်းတို့ကို…
ဆေးဗီရိုထဲ တွေ့ရှိသမျှဆေးများအားလုံး Seth (စက်(သ)) ယူသွားခဲ့သည်။ ကွဲပြဲခြင်းများ၊ ဖရိုဖရဲဖြစ်ခြင်းများနှင့် ပြည့်နေသည့် မိသားစုထဲတွင် ကြီးပြင်းလာရသည့် သူ့အဖို့ သူ၏ဘဝသည် အရှုပ်အထွေးဖြစ်နေသည်။ ဖခင်ဖြစ်သူက သူ့ကိုယ်ကို အဆုံးမစီရင်မီအထိ စက်(သ)၏မိခင်ကို အမြဲလိုလို ညှဥ်းပန်းနှိပ်စက်ခဲ့သည်။ ယခုတွင် စက်(သ) သည် မိမိကိုယ်ကို သေကြောင်းကြံစည်လိုသည်။ သို့သော် အတွေးတစ်ခု ဝင်လာခဲ့သည်။ “ငါသေရင် ငါဘယ်ရောက်သွားမှာလဲ ။” ဘုရား၏ကျေးဇူးတော်ကြောင့် ထိုနေ့က စက်(သ) မသေခဲ့ပါ။ အချိန်မီပင် မိတ်ဆွေတစ်ဦးနှင့် သမ္မာကျမ်းစာကို လေ့လာဖြစ်ခဲ့ပြီး၊ သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့သည်။ စက်(သ) ကို ဘုရားသခင်နှင့် နီးစပ်စေသည်မှာ ဖန်ဆင်းခြင်းလက်ရာများ၏ အလှတရားနှင့် အစီအစဉ်ကျမှုတို့ဖြစ်သည်။ “လှပတဲ့အရာတွေကို ကျွန်တော်မြင်ရတယ်။ တစ်စုံတစ်ယောက်က ဒီအရာတွေကို လုပ်ထားတာပဲ”ဟု သူပြောခဲ့သည်။
ကမ္ဘာဦးကျမ်း ၁ တွင် အရာအားလုံးကို အမှန်တကယ် ဖန်ဆင်းထားသည့် ဘုရားသခင်၏အကြောင်းကို ကျွန်ုပ်တို့…
၁၉၄၅ ခုနှစ် မတ်လတွင် ‘Ghost Army’ (တစ္ဆေစစ်တပ်) သည် အမေရိကန်တပ်ဖွဲ့များ ရိုင်းမြစ်ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်တွင် အနောက်ပိုင်းစစ်မျက်နှာအတွက် မဟာမိတ်တပ်များ စစ်ဆင်ရေးပြုလုပ်ရန် အလွန်အရေးပါသော ဌာနချုပ်ကို ပေးခဲ့သည်။ စစ်သည်များသည် တစ္ဆေများမဟုတ်ပါ။ ဌာနချုပ် ၂၃ မှ အထူးတပ်သားများဖြစ်ပြီး၊ လူသားစင်စစ်ဖြစ်သည်။ ဤဖြစ်စဉ်တွင် လူ ၁,၁၀၀ ပါသောအဖွဲ့သည် လေမှုတ်တင့်ကားအရုပ်များ၊ ဖောက်ခွဲရေးတပ်ဖွဲ့နှင့် စပီကာများဖြင့် အသံအထူးပြုလုပ်ချက်များ သာမက ထိုထက်ပိုသော လှည့်ကွက်များကို အသုံးပြုကာ လူ ၃၀,၀၀၀ ရှိသကဲ့သို့ လှည့်စား နိုင်ခဲ့သည်။ ‘ဂို့စ်အာမီ’ အဖွဲ့၏ အနည်းငယ်မျှသော အရေအတွက်က ရန်သူများကို ပိုမိုကြီးမားသောတပ်ဟု ထင်မြင်စေပြီး ကြောက်လန့်စေခဲ့သည်။
မိဒျန်လူများနှင့် မဟာမိတ်များသည် ၎င်းတို့၏ရှေ့မှောက်တွင် ညအချိန်၌ ကြီးမားသောတပ်အလား ဘွားခနဲပေါ်လာသည့် သေးငယ်သောစစ်တပ်ကြောင့် တုန်လှုပ်ခဲ့ကြသည် (သူကြီး ၇:၈-၂၂)။ တရားသူကြီး၊ ပရောဖက်နှင့်…
ဆိုးရွားသော အမှတ်ရစရာများနှင့် စွပ်စွဲအပြစ်တင်သော မက်ဆေ့ချ်များက စဲလ် (Sal)၏ စိတ်ထဲတွင် လွှမ်းမိုးနေသည်။ သူ၏စိတ်၌ ကြောက်ရွံ့မှုများ ပြည့်နေပြီး တစ်ကိုယ်လုံးချွေးပြန်ကာ သူမအိပ်နိုင်ပါ။ သူ ဗတ္တိဇံ (နှစ်ခြင်း) မခံမီညတွင် အတွေးဆိုးများ၏ နှောင့်ယှက်မှုကို သူမဟန့်တားနိုင်ခဲ့ပေ။ သခင်ယေရှု၌ ကယ်တင်ခြင်းကို စဲလ် ရရှိခဲ့ပြီဖြစ်ကာ၊ သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံရသော်လည်း ဝိညာဥ်ရေးရာတိုက်ပွဲက ဆက်လက်ဖြစ်နေသည်။ သို့နှင့် သူ့ဇနီးက သူ့လက်ကိုကိုင်ကာ သူ့အတွက် ဆုတောင်းပေးခဲ့သည်။ ခဏအကြာတွင် စဲလ်၏နှလုံးသားရှိ ကြောက်ရွံ့မှုနေရာတွင် ငြိမ်သက်ခြင်း အစားထိုး ဝင်ရောက်လာသည်။ ထို့နောက် အိပ်ယာမှထကာ ဗတ္တိဇံမင်္ဂလာ မစမီတွင် သူပြောမည့်စကားများကို ရေးခဲ့သည်။ ထိုသို့ ရေးရန် အစက သူမလုပ်နိုင်ခဲ့ပါ။ ပြီးနောက် သူသည် နှစ်ခြိုက်စွာအိပ်ပျော်ခဲ့တော့သည်။
ဒါဝိဒ်မင်းလည်း အိပ်မပျော်သောည၏ ခံစားချက်ကို သိသည်။ ထီးနန်း လုယူချင်သော သူ၏သား အဗရှလုံ၏ရန်မှ…
“ဘုရားသခင်၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါဟာ တကယ်ပဲ ကျွန်ုပ်တို့အတွက် ကိုယ်တော်ရဲ့အကြံအစည်လား။”
ပြင်းထန်ကင်ဆာရောဂါဖြစ်နေကြောင်း ဆေးစစ်ချက်အဖြေထွက်လာသဖြင့် စိတ်ပင်ပန်းနေရချိန်၌ ခင်ပွန်းသည်နှင့် ကလေးငယ်တို့၏ ဖခင်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော မေးခွန်းများစွာက ကျွန်ုပ်စိတ်၌ တဝဲလည်လည်ဖြစ်နေသည်။ ထို့ပြင် မကြာမီကပင် ကလေးသူငယ်များစွာ သခင်ယေရှုအား သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလာသည်ကို တွေ့မြင်ခဲ့ရသည့် သာသနာပြုအဖွဲ့တစ်ခုတွင် ကျွန်ုပ်၏မိသားစု အစေခံခဲ့သည်။ ဘုရားသခင်သည် သက်သေထင်ရှားသည့် အသီးအပွင့်များကို ယူဆောင်ပေးခဲ့ပြီး ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေခဲ့သည်။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ထိုကိစ္စဖြစ်လာရသနည်း။
သူမချစ်ရသည့် အိမ်မှ သူစိမ်းနယ်မြေတစ်ခုသို့ ခေါ်ဆောင်ခြင်းခံရပြီးနောက် ဧသတာသည်လည်း ဘုရားသခင်ထံ မေးခွန်းများနှင့် ဆုတောင်းချက်များကို သွန်းလောင်းခဲ့မည်ဖြစ်သည် (ဧသ ၂:၈)။ သူမ မိဘမဲ့ဖြစ်ပြီးနောက် သူမ၏ ဝမ်းကွဲအစ်ကို မော်ဒကဲသည် သူမအား သမီးရင်းသဖွယ် ပြုစုပျိုးထောင်ခဲ့သည် (:၇)။ ထို့နောက် သူမသည် ဘုရင်၏အပျိုတော်အဖြစ် ရွေးချယ်ခံရကာ နောက်ဆုံးတွင် မိဖုရားအဖြစ်…